ကဗျာ မဟုတ်တဲ့ ကဗျာ
တစ်နယ်စီခွဲနေရလို့
တွေ့ဆုံခွင့်တွေဝေး
နီးစပ်မှု့လေးမျှော်ကာတွေးလို့
သက်ဆိုင်သူစီရောက်နိုင်ဖို့ရာ
စွန်လေးတစ်စင်း လွှင့်တင်မိပြီ။
မတူညီတဲ့ဘဝနှစ်ခုကနေ
တူညီတဲ့ အချစ်ကိုတွေ့ရှိ
ဆန္ဒနှစ်ခုထပ်တူကြဖို့ရာ
ခွဲရက်တွေလက်ချိုးရေလို့
အလုပ်ခွင်ထဲ ကြိုးစားရပြီ။
လွမ်းဆွေးမှု့တွေ အံကြိတ်
စိတ်ညစ်မှု့တွေ ဘေးဖယ်
ရန်လိုမှု့တွေ ကြားထဲက
မိသားစု ဆိုတာကြီးတွက်
ဆင်ခြင်မှု့နဲ့နေထားတယ်။
ဖိနှိပ်မှု့တွေများတဲ့လူတွေနဲ့
နာကျင်ရပါ များလာတော့လဲ
မွန်းကြပ်မှု့တွေကြားကနေ
ထွပ်ပေါက်ဆိုတာရှာမိတော့
အရက်လေးကသောက်မိလာတယ်။
သည်းခံမှု့တွေများစွာထဲက
ရိုင်းစိုင်းမှု့တွေပါလာတော့လဲ
ဒဏ်ရာအဖြစ်ပြောင်းလဲပြီး
နှလူံးသားက တုန့်ပြန်တော့
ငါကိုယ်တိုင်ပါကြမ်းတမ်းလာတယ်။
ဖုန်းဆက်မေးတိုင်း အစဉ်ပြေရဲ့လားတဲ့
စိတ်ပူရှာတက်တဲ့ အမျိုးသမီးတိုင်းတွက်
ယောကျာင်္းသားတိုင်းပြောနေကြစကားက
ငါအစဉ်ပြေပါတယ် "မင်းရော?"
ဘယ်နေ့ပြန်လာမလဲ မေးတိုင်း
ခွင့်ယူမရလို့ပါကွာ လို့ပြောရတဲ့ပါးစပ်
ငါသာ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ခဲ့ရင်
ဒီနေ့တွေဆိုတာ ဖြစ်မလာနိုင်ဘူးလေ
ပြန်လာချင်တာပေါ့ကွာ တနေ့ပေါ့။
ရင့်ကျက်တယ်ဆိုတာ ပြောတာသာလွယ်တာပါ
ထိလွယ်ရှလွယ် ခံစားလွယ်တဲ့လူသားတွေပါဗျာ
အပြုံးတွေရဲ့နောက်က နာကျင်မှု့တွေ
အစဉ်ပြေပါတယ်ဆိုတဲ့ လိမ်လည်မှု့တွေနဲ့
ဒီလိုပါပဲ ပြောပြီး ဖျတ်ချရတဲ့ဖုန်းကောတွေ
ရင့်ကျက်ပါတယ် ဆိုတဲ့ သူတွေက
မိသားစုနဲ့ဆို ပြတ်သားမှု့ မရှိတာ
ဝန်ထမ်းဘဝတွေရဲ့ နာကျည်းမှု့တွေပါ။
အော် ငါနေမကောင်းဘူးဟာတဲ့
ထပြေးချင်နေတဲ့ စိတ်ကိုထိမ်း
ဆေးခန်းသွားပြပါလားကွာနဲ့ ပိတ်
ဒုက္ခတွေ တသီကြီးနဲ့.......
ဘယ်လောက်တောင်များ အထီးကျန်နေမလဲ
ဘဝနှစ်ခုပေါင်းစည်းဖို့ ဆိုတာ
အဲ့ဒိလောက်တောင်များ ခတ်ခဲရသလားဗျာ။
နီးစပ်ခွင့်လေးရနိုင် ဖို့တွက်
နှောက်ယှက်နေတာ မလွန်လွန်းဘူးလား?
ကံကြမ္မာလား ကံတရားလား
မိဘတွေကြောင့်လား ငါ့ကြောင့်လား
ဆွေမျိုးတွေကြောင့်လား Why????
ကြိုးစားနေတာပဲ ဘယ်နေ့ထိလဲ?
ဆက်လျှောက်နေတာပဲ မရပ်သေးဘူး
တနေ့ဆိုတဲ့ အချိန်ကို ရောက်ဖို့
ဒီနေ့ပေါင်းများစွာကို ငါဆက်နင်းမိနေတုန်းပဲ။
ကိုကို(MUB)