ခက်ခဲနေတဲ့ အချိန်ဆို
ကူညီပေးမယ့် လက်တစ်စုံလည်းမရှိဘူး။
အားငယ်နေတဲ့ အချိန်ဆို
ဖေးမပေးမယ့် လူတစ်ချို့လည်းမရှိဘူး။
နိမ့်ပါးနေတဲ့ အခိုက်အတန့်မှာ
အားပေးဖော် သူငယ်ချင်းလည်း မရှိဘူး။
ဘဝဆိုတာ ချိန်ခွင်လျှာလိုပဲ
အလေးသာတဲ့ဘက်ပဲ ထွက်လာတာ
ရေရှိတဲ့နေရာပဲ မိုးရွာတက်သလိုပေါ့
အပေါ်ရံကြည့်ပြီးဆုံဖြတ်ကြည့်ပာလား
ဟန်ဆောင်နေတဲ့ အပြုံးတွေပေါ်က
မျက်နှာဖုံးတက်ထားတဲ့ ရိုးသားမူ့တွေကို
စောက်မှတ်မရှိ ကိုးကွယ်နေကြတုန်းပဲ။
နောက်ဆုံးတော့
နူးညံ့ခဲ့တဲ့ နှလုံးသားတစ်စုံလဲ
ဆုပ်ခြေခံရတာတွေ များလာတဲ့အခါ
သွေးအေးအေးနဲ့ ဥပေက္ခာပြုတတ်လာပြီ။
ကိုကို(MuB)
ရေးချင်ရာရေးသည်။
No comments:
Post a Comment