Wednesday, May 16, 2018

Book

စာဖတ်ပါဆိုတော့
ခေါင်မလုံလို့ နံရံမခိုင်လို့
အိပ်ချင်နေလို့ ဆိုတော့
လေး ပေါ့ကွာ။

ကိုကို(mub)
ကျွန်တော့် အပေါ်မြင်တဲ့
ခင်ဗျားတို့ အမြင်အာရုံတွေကို
ကျွန်တော် ကရုစိုက်နေမှာမဟုတ်ဘူး
ဘာကြောင့်ဆိုတော့
ကျွန်တော် ပူပန်နေရမယ့်ကိစ္စထဲမှာ
ခင်ဗျားတို့ မပါတော့လို့။

ကိုကို(mub)

ဘဝသည်
တစ်ခါတရံ၌
မျက်ရည်တွေကြားက
ဘာမှ မဖြစ်သလိုနဲ့
ပြုံးပြရဖူးမယ်။

ကိုကို(mub)
သတိရလားမေးတော့
မှတ်မိပါသေးတယ် အတိတ်က အရိပ်တွေ

လွမ်းသေးလားတဲ့
ခလေးမှ မဟုတ်တော့တာဗျာ

ချစ်သေးရဲ့လားဆိုတော့ 
ချစ်တော့ ချစ်တယ်ဒါပေမယ့်မချစ်ရဲတော့ဘူး
ကိုယ့် ဘော့ပန်လေး မှင်ကုန်သွားလို့။

ကိုကို(mub)

ညီမလေး ကိုယ့်ကိုသတိရတဲ့အခါ မြေကြီးကိုကြည့်ပြီmessageပို့လိုက်ပါ ကိုယ်လွမ်းတဲ့အခါ ကောင်းကင်ကိုကြည့်ပြီး ဖုန်းခေါ်လိုက်မယ်။