မှတ်မှတ်ရရပါပဲ
မအူပင်မြို့ရဲ့လမ်းမထက်က လလေးတစ်စင်းနဲ့
ဘာရယ်မဟုတ်ပဲကြည့်မိရာကစခဲ့တဲ့ဇာတ်လမ်းလေး။
အမှတ်တရပေါ့
ကိုးတန်းဆိုတဲ့ပညာရေးမှာပျာ်ရွှင်ဖွယ်သင်ကြားရင်း
သူငယ်ချင်းရဲ့မွေးနေ့ကခင်မင်ခြင်းတွေစခဲ့ကြတယ်။
မှတ်မှတ်ရရအမှတ်တရက
ဒီနေ့ ကြယ်တာယာတွေစုံလင်စွာနဲ့ လှပနေတဲ့နေ့
ဘဝနှစ်ခုလက်တွဲဖြစ်ဖို့ စတင် သန္ဓေတည်တဲ့နေ့ ဒီနေ့။
အဲ့ဒိတုန်းကပေါ့
ဦးနှောက်နဲ့နှလုံးသားက သဟဇာတမဖြစ်ပဲ
တိမ်တစ်စုရဲ့ရွေ့လျားရာအရပ်စီတစ်စစမြင့်တက်လာတယ်။
အချစ်ဆိုတာ
အလှပဆုံးသော ပန်းတစ်ပွင့်ဟုတင်စားရင်
ပျော်ရွှင်မှု့ဆိုတာ
ဒီနေ့နဲ့မနက်ဖြန်ကိုချိတ်ဆက်ထားတဲ့တံတားတစ်စင်း
ယုံကြည်မှု့နဲ့
လျှောက်ခဲ့ကြတဲ့ လမ်းဟာ
အချိန် နာရီ တွေရွေ့သွားပြီး
ရာသီဥတုတွေပြောင်းလဲခဲ့တယ်
လတွေနှစ်တွေ အလီလီပြောင်းပေမယ့်
တို့နှစ်ယောက်အချစ်က ဟောင်းမသွားတဲ့အခါ။
ဘာကြောင့်နဲ့များ
တွဲလက်တွေ ခိုင်မြဲခဲ့ကြလဲ ငါ မသိဘူး။
ဘာကြောင့်များ
ဒီလောက် သက်နေကြတဲ့ အတွဲ
လက်ထပ်ဖြစ်ခဲ့လည်းဆိုတာ စဉ်းစားမရဘူး။
ဘာကြောင့် မှန်းမသိပေမယ့်
မှတ်မိနေတဲ့ ရက်စွဲတစ်ခုကတော
ဒီနေ့
ညီမလေးစီက အဖြေရတာ (၈နှစ်)ပြည့်တဲ့နေ့။
{8 Year Anniversary}
4-11-2016
ကိုကို(MUB)
ခေတ္တ(လူ့ပြည်)
No comments:
Post a Comment