Tuesday, April 25, 2017

ကျွန်တော်ချစ်သော သူမ

သူမဟာ
ရဲရင့်တဲ့ စိတ်ဓာတ်နဲ့
ရပ်တည်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်

သူမဟာ
ဘယ်ချိန်ပဲ ဖြစ်ဖြစ်
ပြုံးရယ်နိုင်ဖို့ စဉ်းစားနေတဲ့ လူတစ်ယောက်

သူမဟာ
အာဏာစပ်လို ပြင်းပြတ်
အကြောက်ရွံ့ ကင်းတဲ့ လူးသားတစ်ယောက်

သူမဟာ
ကံကြမ္မာနဲ့ လက်သိပ်ပြီး
ဘဝကို အလဲထိုးမယ့် လူသားတစ်ယောက်

သူမဟာ
တံတိုင်းတစ်ခု ရင်ဝယ်ပြု
နာဂစ်လောက်ကို အံတုမယ့်လူတစ်ယောက်

သူမဟာ
သနပ်ခါးလိမ်း ပန်းလေးပန်ပြီး
စိုက်ကြည့်နေတတ်တဲ့ လူသားတစ်ယောက်

ထို့ကြောင့်
ကျွန်တော် ချစ်သော သူမဟာ...

ကိုကို(MUB)
ခေတ္တ(လူ့ပြည်)

Feelချင်ရာFeelသည်

အော် ဒါနဲ့
ကျွန်တော်လား
ကဗျာကျမ်းကြီး ရင်ဝယ်ပိုက်
အိပ်ငိုက်နေတဲ့ လူသားတစ်ယောက်ပေါ့။




No comments:

Post a Comment

ညီမလေး ကိုယ့်ကိုသတိရတဲ့အခါ မြေကြီးကိုကြည့်ပြီmessageပို့လိုက်ပါ ကိုယ်လွမ်းတဲ့အခါ ကောင်းကင်ကိုကြည့်ပြီး ဖုန်းခေါ်လိုက်မယ်။