ကုန်လွန်သွားတဲ့ အချိန်တွေနဲ့
ပြန်မရနိုင်တော့တဲ့ ငယ်ရွယ်မူ့တွေကို
ပါးသွားတဲ့ ဆံပင်တွေက အဖော်ပြုတော့
ဘဝရဲ့နေဝင်ချိန်ကို အကြောင်းပြု
အိုမင်းမှု့ကို မေ့နေခဲ့တယ်။
မှတ်တမ်းတစ်ချို့ကိုပြန်လှန်မိတော့
ကျရှုံးမှု့တွေကြားက ဂုဏ်သိက္ခာတွေနဲ့
ပြဇာတ်ဆန်ဆန် ထိုးနှက်ချက်တွေအား
လူသားတစ်ယောက် ဒူးထောက်လို့
တိမ်တွေနဲ့ စကားများနေတယ်။
လူတစ်ယောက်ကို ထိခိုက်စေပြီးမှ
လောကဓံအကြောင်း သင်ပေးရအောင်
နာကျင်မှု့ရဲ့ နောက်က လဲပြိုမှု့တွေနဲ့
လမ်းမှားသွားတဲ့ နေ့ရက်တွေက
ရှုံးနိမ့်မှု့ရဲ့ တစ်ဖက်သက်စစ်လား။
တစ်ခါတစ်လေ
အားလုံးပြီးဆုံးသွားပြီလို့ အော်ဖူးမယ်
တစ်ခါတစ်လေ
နောက်ပြန်လှည့်ပြီး အစက ပြန်စချင်မယ်
တစ်ခါတစ်လေ😞
ကံကြမ္မာရဲ့
ကျားကွက်အရွေ့မှာ
အစားခံလိုက်ရပေမယ့်
ဒဏ်ရာတွေက
ပြန်ကောင်းသွားမှာပါ
ဒါပေမယ့်လည်း
အမာရွတ်တွေက ထင်ကျန်ခဲ့ပြီ
ပန်းတိုင်ရောက်ဖို့ အရေး
ခရီးဝေးကို နှင်ရဦးမှာပေါ့။
ကိုကို(MUB)
ခေတ္တ(လူ့ပြည်)
No comments:
Post a Comment