တစ်ခါတစ်လေ
ကိုယ့်အကြောင်း ကိုယ်ကြည့်ပြီးတော့
ကိုယ်ဖြစ်ချင်တာပဲ ကိုယ်သိကြတဲ့
လူတွေနဲ့လည်း ကြုံးဖူးတယ်
တစ်ခါတစ်လေ
ရိုးသားစွာ ကြိုးစားနေသူတစ်ယောက်ကို
စနစ်တကျ ထိုးစစ်ဆင်နေကြတဲ့
လူတွေနဲ့လည်း ဆုံဖူးတယ်
တစ်ခါတစ်လေ
အလကားရနေတဲ့ အချိန်ကိုတောင်
ကိုယ်ကျိုးမရှိရင် မပေးချင်ကြတဲ့
လူတွေလည်း တွေ့ဖူးတယ်
တစ်ခါတစ်လေ
စိတ်ပျက်လိုက်တာလို့ ပြောချင်ပေမယ့်
ရင်နာစွာနဲ့ မျိုသိပ်လိုက်ရတာတွေ
တစ်ခါတစ်လေ
ဒေါသထွပ်နေရင်တောင်
အပြုံး မပျက်နေခဲ့ရတာတွေ
တစ်ခါတစ်လေ
အော်ဟစ်ဆဲဆို ချင်စိတ်တွေ
တစ်ခါတစ်လေ
ကိုယ်ဘက်က မှန်နေပါရဲ့နဲ့
ခေါင်းငုံ့ပြီး တောင်းပန်ရတာတွေ
နောက်ဆုံးကျ စိတ်လျော့လိုက်ရင်
ကိုယ့်ဘဝ ကိုယ်ဖန်တီးနေတာပဲလေ
ငါ့ထက်အဖြစ်ဆိုးတဲ့လူတွေ ရှိသေးတာပဲလို့
ကိုယ့်စိတ်ကိုယ်ထိန်း ဖြေသိမ့်လိုက်ရတယ်
ဒါပေမယ့် ဦးနှောက်တော့ မှတ်သွားပြီလေ။
ကိုကို(MUB)
No comments:
Post a Comment