Sunday, April 23, 2017

ဘဝ ခရီးသည်

မင်းက
ငါ့ရဲ့ရှေ့တည်တည့်မှာ
အဆင့်အတန်းရှိရှိဝတ်စားပြီး
အကောင်းစား ကားကြီးကိုစီးလို့
လူကြိုက်များတဲ့ ဟန်းဖုန်းကိုချိတ်
တန်ဖိုးကြီးတဲ့ ဝိုင်တစ်ခွပ် နဲ့
လောကကြီးကို ဇိမ်တွေ့နေမယ်။

မင်းက
ငါ့ရဲ့ ရှေ့တည့်တည့်မှာ
မိုးမျှော် တိုက်ကြီးဟီးနေအောင်ဆောက်
ရံရွှေတော်တွေခြံရံနဲ့ နဂါးတစ်ကောင်လို မာန်ဝင့်
သံမဏိလို ခက်ထန် ငွေကို တံတိုင်းပြု
ဘောင်တစ်ခုထဲကနေ အသံကောင်းဟစ်မယ်။

မင်းက
မင်းဘဝရဲ့ ဖြတ်သန်းခဲ့ပုံကို ဖောင်ဖွဲ့
အောင်မြင်မှု့တွေကို မရိုးနိုင်အောင် ပြော
လည်ပက်ခဲ့ဖူးတဲ့ နေရာတွေ နဲ့
စားခဲ့ဖူးတဲ့ ဟော်တယ်စာတွေ
သောက်ခဲ့ဖူးတာ ဂျော်နီလမ်းလျှောက်
တည်းခဲ့ဖူးတဲ့ five star hotel
ကူညီခဲ့တဲ့ သူတစ်စိမ်းတွေ
ကောင်းခဲ့ဖူးတာ မင်းလူတွေပေါ့
မင်္ဂလာပါ လေမင်းသားကြီး
ဖြစ်တည်မှု့ရှိရင် ပျက်သုံးမှု့ရှိတယ်
တောင်စွယ်ဆိုတာ နေကွယ်ရင်
အလင်းဆိုတာ မီးဖိုမှရလိမ့်မယ်
မင်းဖိုမယ့်မီးက မင်းလူတွေဖြစ်နိုင်ပါ့မလား?
မင်းတိုက်ထားတဲ့လေတွေကရော
အေးချမ်းမှု့ကို ပေးစွမ်းနိုင်မယ်တဲ့လား?
မင်းက ရှေ့တည့်တည့်ကနေ
လေမုန်တိုင်းနဲ့ တန်ဆာဆင်ထားမယ်
ငါက နောက်တည့်တည့်ကနေ
မိုးစက်ပေါက်တွေကို ခယနေရတယ်။

တကယ်တော့ ငါဟာ
လေကွယ်ရာမှာမုန်တိုင်းမိနေတဲ့လူတစ်ယောက်
ဟိုမရောက်ဒီမရောက်နဲ့အတောင်စိုနေတဲ့ငှက်တစ်ကောင်
ကျေးဇူးပြု၍ လေကွယ်ရာက ထွပ်ခွင့်ပေးပါ

(ချိုခါး)အတိတ် တစ်ချို့အား
ဒဏ်ရာတွေနဲ့ ဖြည့်တင်းရင်း
မျှော်လင့်ချက်တွေ ကောက်ထည့်
ဒီနေ့တစ်ရက်တော့ ထရပ်မိပြန်ပြီ။

ကိုကို(MUB)



No comments:

Post a Comment

ညီမလေး ကိုယ့်ကိုသတိရတဲ့အခါ မြေကြီးကိုကြည့်ပြီmessageပို့လိုက်ပါ ကိုယ်လွမ်းတဲ့အခါ ကောင်းကင်ကိုကြည့်ပြီး ဖုန်းခေါ်လိုက်မယ်။