Wednesday, May 31, 2017

လရိပ်

”လရိပ်”
ဖြိုးပြည့်စုံ

V1----      ဒါနှလုံးသားရဲ့ ဆန္ဒ မုသားကင်းတဲ့စကားပါ
လူတွေမေ့ငေါ့ ကြရင်လဲကိုယ်ကျေနပ်လို့ပြုံးနေမယ်
ငါစတေး ဖို့အသင့်ပါပဲ.......
 V2-----     နင်လုပ်သင့်တာလုပ်ပါ ငါ့ဘက်လှည့်မကြည့်နဲ့လေ
ဘောင်ခတ်မထားတဲ့ အချစ်တွေနဲ့ ရှင်သန်မဲ့နေ့ရက်တွေထဲ
အရောင်မဆိုးပဲချစ်နေမယ်....
Cho-----   မဖြစ်ချင်တာတွေပဲ တောင့်တရင်းလေ
မင်းစေတနာတွေနဲ့အချစ်နတ်သတ်ကြွေ
ဒီကမ္ဘာမြေထဲမှာမင်းရှိတဲ့နေရာ ကန့်သတ်နယ်တစ်ခု ငါမနေဘူး
စိတ်ဒါဏ်ရာတွေခင်း နင်းလျှောက်သွားဖို့
လသာချိန်ပျော်ဖူးတဲ့ ကလေးလေးတစ်ယောက်လို
ရေအိုင်ငယ်ထဲကလရိပ်လေးသာတန်ဖိုးထားပါတယ်…

V3------      နင်ဟာ ငါ့ရဲ့နွေလေးပါအမှန်မရှိတဲ့အမှန်မင်းသိ
တခါတရံ မိုးလည်းမရွာပဲ ရှိမယ်..အို...မအေးသောဆောင်းလည်းရှိမယ်
နွေကတော့ အမြဲပူတယ်

Cho-----   မဖြစ်ချင်တာတွေပဲ တောင့်တရင်းလေ
မင်းစေတနာတွေနဲ့အချစ်နတ်သတ်ကြွေ
ဒီကမ္ဘာမြေထဲမှာမင်းရှိတဲ့နေရာ ကန့်သတ်နယ်တစ်ခု ငါမနေဘူး
စိတ်ဒါဏ်ရာတွေခင်း နင်းလျှောက်သွားဖို့
လသာချိန်ပျော်ဖူးတဲ့ ကလေးလေးတစ်ယောက်လို
ရေအိုင်ငယ်ထဲကလရိပ်လေးသာတန်ဖိုးထားပါတယ်…

Sunday, May 7, 2017

နေသာနေတုန်းပဲကိုး

ဟဲ့ ပေါ်ဦး
EPC ဆိုတာ ဘာလည်းဟဲ့?

မှန်လှပါ End of Power Collection
ဖြစ်ကြောင်းပါ ဖျား

ဟေ..!! စွမ်းအင်တွေကိုစုဆောင်းသိမ်းဆည်းထားခြင်းရဲ့
အဆုံးသတ် ဆိုတော့ သူချည်းပဲလားဟဲ့

မှန်လှပါ အရှင်မင်းကြီးရဲ့ ဘုန်းတော်ကြောင့်
ဟိုနေရာ နဲ့  ဒီနေရာ မှာ System Brake
ဆိုတာကြီးက Down ပေးထားလို့
မင်းကြီးအတွက်အနေသာကြီးဖြစ်ကြောင်း
EPC ကိုဆဲနေရရုံနဲ့တင် သာယာနေကြကြောင်းပါဖျား

ကိုကို(mUb)

ဘဝတစ်ခု အမှတ်တရ

ကြိုးစားရုန်းကန်နေတဲ့လူသားတစ်ယောက်ကို
ဘယ်သူတွေကလက်ညိုးထိုးမေးငေါ့နေကြပါစေ
ငါလျှောက်နေတဲ့လမ်းလေးမှန်နေဖို့ပဲအလေးထားတယ်

ကြမ်းတမ်းလွန်းလို့ဖာထေးနေရတဲ့လမ်းလေးကို
ဘယ်သူတွေကဟားတိုက်ရယ်မောနေကြပါစေ
ငါခင်းနေတဲ့လမ်းလေးဖြောင့်ဖြူးလာဖို့ပဲအလေးထားတယ်

လဲကျလွန်းလို့ ကုန်းရုံးထနေရသူတစ်ယောက်ကို
ဘယ်သူတွေကတွန်းချထိုးနှစ်နေကြပါစေ
ပြန်ထရမယ့်ဘဝမို့ပြန်ရပ်နိုင်ဖို့ကိုပဲအလေးထားတယ်

ဘဝသည် တစ်ခါတစ်ရံ၌
မိုးတိမ်တွေ ဖုံးသွားတဲ့ကောင်းကင်ပြာလို
အတောင်ကျိုးသွားတဲ့ ငှက်တစ်ကောင်လို
ဆေးရောင်ပျယ်သွားတဲ့ပန်းချီကားတစ်ချပ်လို
ကြမ္မာနဲ့ လက်သိပ်ပြီး ဘဝကို အလဲထိုးတော့
အလွမ်းဖြေစရာက ပန်းတွေဝေတာပေါ့

ကံဆိုးမိုးမှောင်ကျတဲ့နေ့က
မနက်ခင်းရဲ့အလင်းဖျော့ဖျော့ထဲရပ်နေမိတယ်
ငြိမ်သက်သွားတဲ့ အသက်ရှူသံတွေထဲ
လေတွေလည်း တိုက်လွန်းလှတယ်
မိုးတွေကလည်း ရွာချလာတယ်
အဲ့ဒိနေ့က
ရပ်တန့်သွားတဲ့နှလုံးခုန်သံအဆုံးမှာ
ဘဝတစ်ခု သေဆုံးသွားခဲ့တယ်။

ကိုကို(mUb)
ခေတ္တ(လူ့ပြည်)
May,7,2017


ညီမလေး ကိုယ့်ကိုသတိရတဲ့အခါ မြေကြီးကိုကြည့်ပြီmessageပို့လိုက်ပါ ကိုယ်လွမ်းတဲ့အခါ ကောင်းကင်ကိုကြည့်ပြီး ဖုန်းခေါ်လိုက်မယ်။