ဘယ်သူတွေကလက်ညိုးထိုးမေးငေါ့နေကြပါစေ
ငါလျှောက်နေတဲ့လမ်းလေးမှန်နေဖို့ပဲအလေးထားတယ်
ကြမ်းတမ်းလွန်းလို့ဖာထေးနေရတဲ့လမ်းလေးကို
ဘယ်သူတွေကဟားတိုက်ရယ်မောနေကြပါစေ
ငါခင်းနေတဲ့လမ်းလေးဖြောင့်ဖြူးလာဖို့ပဲအလေးထားတယ်
လဲကျလွန်းလို့ ကုန်းရုံးထနေရသူတစ်ယောက်ကို
ဘယ်သူတွေကတွန်းချထိုးနှစ်နေကြပါစေ
ပြန်ထရမယ့်ဘဝမို့ပြန်ရပ်နိုင်ဖို့ကိုပဲအလေးထားတယ်
ဘဝသည် တစ်ခါတစ်ရံ၌
မိုးတိမ်တွေ ဖုံးသွားတဲ့ကောင်းကင်ပြာလို
အတောင်ကျိုးသွားတဲ့ ငှက်တစ်ကောင်လို
ဆေးရောင်ပျယ်သွားတဲ့ပန်းချီကားတစ်ချပ်လို
ကြမ္မာနဲ့ လက်သိပ်ပြီး ဘဝကို အလဲထိုးတော့
အလွမ်းဖြေစရာက ပန်းတွေဝေတာပေါ့
ကံဆိုးမိုးမှောင်ကျတဲ့နေ့က
မနက်ခင်းရဲ့အလင်းဖျော့ဖျော့ထဲရပ်နေမိတယ်
ငြိမ်သက်သွားတဲ့ အသက်ရှူသံတွေထဲ
လေတွေလည်း တိုက်လွန်းလှတယ်
မိုးတွေကလည်း ရွာချလာတယ်
အဲ့ဒိနေ့က
ရပ်တန့်သွားတဲ့နှလုံးခုန်သံအဆုံးမှာ
ဘဝတစ်ခု သေဆုံးသွားခဲ့တယ်။
ကိုကို(mUb)
ခေတ္တ(လူ့ပြည်)
May,7,2017
No comments:
Post a Comment