Sunday, November 19, 2017

အိပ်မက်တွေနဲ့ အလှမ်းဝေးနေသေးလို




လူတစ်ချို့ အိပ်ပျော်နေကြသည်
    (တစ်ချို့)²တွေက  ပြန်ထနေကြပြီ
         ခုချိန်ထိ အိပ်မပျော်နိုင်တာက ငါ
                 တစ်ဘဝလုံးတွက်မဟုတ်တောင်မှ
                           မနက်ဖြန်တစ်ခဏတော့ နှစ်ခြိုက်စွာအိပ်ပျော်ပါရစေ
အိပ်မက်တွေနဲ့ အလှမ်းဝေးနေသေးလို့ &

Monday, July 10, 2017

မည်မျှပင် 
နုံချာစုတ်ပြတ်နေပါစေ
ခုနှစ်ဆောင် တိုက်ခန်းပေါ်က
မင်းသမီးလေးကိုလည်း ရင်ခုန်ခွင့်ရှိတယ်။

ကိုကို(MuB)

ကဗျာ မမှီတဲ့ ကဗျာ

ကဗျာ မဟုတ်တဲ့ ကဗျာ

တစ်နယ်စီခွဲနေရလို့
တွေ့ဆုံခွင့်တွေဝေး
နီးစပ်မှု့လေးမျှော်ကာတွေးလို့
သက်ဆိုင်သူစီရောက်နိုင်ဖို့ရာ
စွန်လေးတစ်စင်း လွှင့်တင်မိပြီ။

မတူညီတဲ့ဘဝနှစ်ခုကနေ
တူညီတဲ့ အချစ်ကိုတွေ့ရှိ
ဆန္ဒနှစ်ခုထပ်တူကြဖို့ရာ
ခွဲရက်တွေလက်ချိုးရေလို့
အလုပ်ခွင်ထဲ ကြိုးစားရပြီ။

လွမ်းဆွေးမှု့တွေ အံကြိတ်
စိတ်ညစ်မှု့တွေ ဘေးဖယ်
ရန်လိုမှု့တွေ ကြားထဲက
မိသားစု ဆိုတာကြီးတွက်
ဆင်ခြင်မှု့နဲ့နေထားတယ်။

ဖိနှိပ်မှု့တွေများတဲ့လူတွေနဲ့
နာကျင်ရပါ များလာတော့လဲ
မွန်းကြပ်မှု့တွေကြားကနေ
ထွပ်ပေါက်ဆိုတာရှာမိတော့
အရက်လေးကသောက်မိလာတယ်။

သည်းခံမှု့တွေများစွာထဲက
ရိုင်းစိုင်းမှု့တွေပါလာတော့လဲ
ဒဏ်ရာအဖြစ်ပြောင်းလဲပြီး
နှလူံးသားက တုန့်ပြန်တော့
ငါကိုယ်တိုင်ပါကြမ်းတမ်းလာတယ်။

ဖုန်းဆက်မေးတိုင်း အစဉ်ပြေရဲ့လားတဲ့
စိတ်ပူရှာတက်တဲ့ အမျိုးသမီးတိုင်းတွက်
ယောကျာင်္းသားတိုင်းပြောနေကြစကားက
ငါအစဉ်ပြေပါတယ် "မင်းရော?"

ဘယ်နေ့ပြန်လာမလဲ မေးတိုင်း
ခွင့်ယူမရလို့ပါကွာ လို့ပြောရတဲ့ပါးစပ်
ငါသာ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ခဲ့ရင်
ဒီနေ့တွေဆိုတာ ဖြစ်မလာနိုင်ဘူးလေ
ပြန်လာချင်တာပေါ့ကွာ တနေ့ပေါ့။

ရင့်ကျက်တယ်ဆိုတာ ပြောတာသာလွယ်တာပါ
ထိလွယ်ရှလွယ် ခံစားလွယ်တဲ့လူသားတွေပါဗျာ
အပြုံးတွေရဲ့နောက်က နာကျင်မှု့တွေ
အစဉ်ပြေပါတယ်ဆိုတဲ့ လိမ်လည်မှု့တွေနဲ့
ဒီလိုပါပဲ ပြောပြီး ဖျတ်ချရတဲ့ဖုန်းကောတွေ
ရင့်ကျက်ပါတယ် ဆိုတဲ့ သူတွေက
မိသားစုနဲ့ဆို ပြတ်သားမှု့ မရှိတာ
ဝန်ထမ်းဘဝတွေရဲ့ နာကျည်းမှု့တွေပါ။

အော် ငါနေမကောင်းဘူးဟာတဲ့
ထပြေးချင်နေတဲ့ စိတ်ကိုထိမ်း
ဆေးခန်းသွားပြပါလားကွာနဲ့ ပိတ်
ဒုက္ခတွေ တသီကြီးနဲ့.......
ဘယ်လောက်တောင်များ အထီးကျန်နေမလဲ

ဘဝနှစ်ခုပေါင်းစည်းဖို့ ဆိုတာ
အဲ့ဒိလောက်တောင်များ ခတ်ခဲရသလားဗျာ။
နီးစပ်ခွင့်လေးရနိုင် ဖို့တွက်
နှောက်ယှက်နေတာ မလွန်လွန်းဘူးလား?
ကံကြမ္မာလား ကံတရားလား
မိဘတွေကြောင့်လား ငါ့ကြောင့်လား
ဆွေမျိုးတွေကြောင့်လား Why????
ကြိုးစားနေတာပဲ ဘယ်နေ့ထိလဲ?
ဆက်လျှောက်နေတာပဲ မရပ်သေးဘူး
တနေ့ဆိုတဲ့ အချိန်ကို ရောက်ဖို့
ဒီနေ့ပေါင်းများစွာကို ငါဆက်နင်းမိနေတုန်းပဲ။

      ကိုကို(MUB)
ခက်ခဲနေတဲ့ အချိန်ဆို
ကူညီပေးမယ့် လက်တစ်စုံလည်းမရှိဘူး။

အားငယ်နေတဲ့ အချိန်ဆို
ဖေးမပေးမယ့် လူတစ်ချို့လည်းမရှိဘူး။

နိမ့်ပါးနေတဲ့ အခိုက်အတန့်မှာ
အားပေးဖော် သူငယ်ချင်းလည်း မရှိဘူး။

ဘဝဆိုတာ ချိန်ခွင်လျှာလိုပဲ
အလေးသာတဲ့ဘက်ပဲ ထွက်လာတာ
ရေရှိတဲ့နေရာပဲ မိုးရွာတက်သလိုပေါ့
အပေါ်ရံကြည့်ပြီးဆုံဖြတ်ကြည့်ပာလား
ဟန်ဆောင်နေတဲ့ အပြုံးတွေပေါ်က
မျက်နှာဖုံးတက်ထားတဲ့ ရိုးသားမူ့တွေကို
စောက်မှတ်မရှိ ကိုးကွယ်နေကြတုန်းပဲ။

နောက်ဆုံးတော့
နူးညံ့ခဲ့တဲ့ နှလုံးသားတစ်စုံလဲ
ဆုပ်ခြေခံရတာတွေ များလာတဲ့အခါ
သွေးအေးအေးနဲ့ ဥပေက္ခာပြုတတ်လာပြီ။

ကိုကို(MuB)
ရေးချင်ရာရေးသည်။

Tuesday, July 4, 2017

မာန

မည်မျှပင် 
နုံချာစုတ်ပြတ်နေပါစေ
ခုနှစ်ဆောင် တိုက်ခန်းပေါ်က 
မင်းသမီးလေးကိုလည်း ရင်ခုန်ခွင့်ရှိတယ်။

ကိုကို(MUB)

Wednesday, May 31, 2017

လရိပ်

”လရိပ်”
ဖြိုးပြည့်စုံ

V1----      ဒါနှလုံးသားရဲ့ ဆန္ဒ မုသားကင်းတဲ့စကားပါ
လူတွေမေ့ငေါ့ ကြရင်လဲကိုယ်ကျေနပ်လို့ပြုံးနေမယ်
ငါစတေး ဖို့အသင့်ပါပဲ.......
 V2-----     နင်လုပ်သင့်တာလုပ်ပါ ငါ့ဘက်လှည့်မကြည့်နဲ့လေ
ဘောင်ခတ်မထားတဲ့ အချစ်တွေနဲ့ ရှင်သန်မဲ့နေ့ရက်တွေထဲ
အရောင်မဆိုးပဲချစ်နေမယ်....
Cho-----   မဖြစ်ချင်တာတွေပဲ တောင့်တရင်းလေ
မင်းစေတနာတွေနဲ့အချစ်နတ်သတ်ကြွေ
ဒီကမ္ဘာမြေထဲမှာမင်းရှိတဲ့နေရာ ကန့်သတ်နယ်တစ်ခု ငါမနေဘူး
စိတ်ဒါဏ်ရာတွေခင်း နင်းလျှောက်သွားဖို့
လသာချိန်ပျော်ဖူးတဲ့ ကလေးလေးတစ်ယောက်လို
ရေအိုင်ငယ်ထဲကလရိပ်လေးသာတန်ဖိုးထားပါတယ်…

V3------      နင်ဟာ ငါ့ရဲ့နွေလေးပါအမှန်မရှိတဲ့အမှန်မင်းသိ
တခါတရံ မိုးလည်းမရွာပဲ ရှိမယ်..အို...မအေးသောဆောင်းလည်းရှိမယ်
နွေကတော့ အမြဲပူတယ်

Cho-----   မဖြစ်ချင်တာတွေပဲ တောင့်တရင်းလေ
မင်းစေတနာတွေနဲ့အချစ်နတ်သတ်ကြွေ
ဒီကမ္ဘာမြေထဲမှာမင်းရှိတဲ့နေရာ ကန့်သတ်နယ်တစ်ခု ငါမနေဘူး
စိတ်ဒါဏ်ရာတွေခင်း နင်းလျှောက်သွားဖို့
လသာချိန်ပျော်ဖူးတဲ့ ကလေးလေးတစ်ယောက်လို
ရေအိုင်ငယ်ထဲကလရိပ်လေးသာတန်ဖိုးထားပါတယ်…

Sunday, May 7, 2017

နေသာနေတုန်းပဲကိုး

ဟဲ့ ပေါ်ဦး
EPC ဆိုတာ ဘာလည်းဟဲ့?

မှန်လှပါ End of Power Collection
ဖြစ်ကြောင်းပါ ဖျား

ဟေ..!! စွမ်းအင်တွေကိုစုဆောင်းသိမ်းဆည်းထားခြင်းရဲ့
အဆုံးသတ် ဆိုတော့ သူချည်းပဲလားဟဲ့

မှန်လှပါ အရှင်မင်းကြီးရဲ့ ဘုန်းတော်ကြောင့်
ဟိုနေရာ နဲ့  ဒီနေရာ မှာ System Brake
ဆိုတာကြီးက Down ပေးထားလို့
မင်းကြီးအတွက်အနေသာကြီးဖြစ်ကြောင်း
EPC ကိုဆဲနေရရုံနဲ့တင် သာယာနေကြကြောင်းပါဖျား

ကိုကို(mUb)

ဘဝတစ်ခု အမှတ်တရ

ကြိုးစားရုန်းကန်နေတဲ့လူသားတစ်ယောက်ကို
ဘယ်သူတွေကလက်ညိုးထိုးမေးငေါ့နေကြပါစေ
ငါလျှောက်နေတဲ့လမ်းလေးမှန်နေဖို့ပဲအလေးထားတယ်

ကြမ်းတမ်းလွန်းလို့ဖာထေးနေရတဲ့လမ်းလေးကို
ဘယ်သူတွေကဟားတိုက်ရယ်မောနေကြပါစေ
ငါခင်းနေတဲ့လမ်းလေးဖြောင့်ဖြူးလာဖို့ပဲအလေးထားတယ်

လဲကျလွန်းလို့ ကုန်းရုံးထနေရသူတစ်ယောက်ကို
ဘယ်သူတွေကတွန်းချထိုးနှစ်နေကြပါစေ
ပြန်ထရမယ့်ဘဝမို့ပြန်ရပ်နိုင်ဖို့ကိုပဲအလေးထားတယ်

ဘဝသည် တစ်ခါတစ်ရံ၌
မိုးတိမ်တွေ ဖုံးသွားတဲ့ကောင်းကင်ပြာလို
အတောင်ကျိုးသွားတဲ့ ငှက်တစ်ကောင်လို
ဆေးရောင်ပျယ်သွားတဲ့ပန်းချီကားတစ်ချပ်လို
ကြမ္မာနဲ့ လက်သိပ်ပြီး ဘဝကို အလဲထိုးတော့
အလွမ်းဖြေစရာက ပန်းတွေဝေတာပေါ့

ကံဆိုးမိုးမှောင်ကျတဲ့နေ့က
မနက်ခင်းရဲ့အလင်းဖျော့ဖျော့ထဲရပ်နေမိတယ်
ငြိမ်သက်သွားတဲ့ အသက်ရှူသံတွေထဲ
လေတွေလည်း တိုက်လွန်းလှတယ်
မိုးတွေကလည်း ရွာချလာတယ်
အဲ့ဒိနေ့က
ရပ်တန့်သွားတဲ့နှလုံးခုန်သံအဆုံးမှာ
ဘဝတစ်ခု သေဆုံးသွားခဲ့တယ်။

ကိုကို(mUb)
ခေတ္တ(လူ့ပြည်)
May,7,2017


Sunday, April 30, 2017

ခရေ




မိန်းခလေးတစ်ယောက်
နူးညံ့တယ် ထိခိုက်လွယ်တယ်ဆိုပြီး
ပန်းကလေးနဲ့ နှိုင်းကြတဲ့ထဲကမှ
ခရေပန်းနဲ့ ဘာလို့ နှိုင်းလဲသိလား
နွမ်းလျှချိန်ရောက် ငြိုးလို့ခြောက်တောင်
သင့်ပျံ့နေမယ့်ပန်းက ခရေပန်းမို့ပါ
ကြိုက်တဲ့သူရှိပါ့မလားတဲ့
ကိုယ်တိုင်လည်း မွှေးပျံ့နေစေဖို့
သိက္ခာရှိရှိနဲ့ အမြင့်စံနေဖို့တော့ လိုတာပေါ့
နောက်ဆုံးမြေခလို့ ကြွေကျခဲ့ရရင်တောင်
ဒူးထောက်ခာမှ ကောက်ရဦးမယ်
ကဲ. .ငါဟဲ့ ခရေပန်း.....လို့မကြွေးကြော်နိုင်သေးဘူးလား?

ကိုကို(MuB)


ရည်းစား သက်တန်းမှာ အရယ်ရဆုံးအချိန်ကတော့
စကားများထားလို့ တစ်ယောက်သောက်ခွပ်တောင်တစ်ယောက် ကြည့်မရလို့ ဖုန်းလေးပွတ်နေကြတဲ့ အချိန်မှာ ဘေးနားကသူငယ်ချင်းက မင်းတို့နှစ်ယောက်က တော်တော်ချစ်ကြတာပဲနော်လို့ ပြောလိုက်တဲ့အချိန်ပဲ။

Thursday, April 27, 2017

(11.4.08)အမှတ်တရ



မှတ်မှတ်ရရပါပဲ
မအူပင်မြို့ရဲ့လမ်းမထက်က လလေးတစ်စင်းနဲ့
ဘာရယ်မဟုတ်ပဲကြည့်မိရာကစခဲ့တဲ့ဇာတ်လမ်းလေး။

အမှတ်တရပေါ့
ကိုးတန်းဆိုတဲ့ပညာရေးမှာပျာ်ရွှင်ဖွယ်သင်ကြားရင်း
သူငယ်ချင်းရဲ့မွေးနေ့ကခင်မင်ခြင်းတွေစခဲ့ကြတယ်။

မှတ်မှတ်ရရအမှတ်တရက
ဒီနေ့ ကြယ်တာယာတွေစုံလင်စွာနဲ့ လှပနေတဲ့နေ့
ဘဝနှစ်ခုလက်တွဲဖြစ်ဖို့ စတင် သန္ဓေတည်တဲ့နေ့ ဒီနေ့။

အဲ့ဒိတုန်းကပေါ့ 
ဦးနှောက်နဲ့နှလုံးသားက သဟဇာတမဖြစ်ပဲ
တိမ်တစ်စုရဲ့ရွေ့လျားရာအရပ်စီတစ်စစမြင့်တက်လာတယ်။

အချစ်ဆိုတာ 
အလှပဆုံးသော ပန်းတစ်ပွင့်ဟုတင်စားရင်
ပျော်ရွှင်မှု့ဆိုတာ
ဒီနေ့နဲ့မနက်ဖြန်ကိုချိတ်ဆက်ထားတဲ့တံတားတစ်စင်း
ယုံကြည်မှု့နဲ့
လျှောက်ခဲ့ကြတဲ့ လမ်းဟာ   
အချိန် နာရီ တွေရွေ့သွားပြီး
ရာသီဥတုတွေပြောင်းလဲခဲ့တယ်
လတွေနှစ်တွေ အလီလီပြောင်းပေမယ့်
တို့နှစ်ယောက်အချစ်က ဟောင်းမသွားတဲ့အခါ။

ဘာကြောင့်နဲ့များ
တွဲလက်တွေ ခိုင်မြဲခဲ့ကြလဲ ငါ မသိဘူး။

ဘာကြောင့်များ
ဒီလောက် သက်နေကြတဲ့ အတွဲ
လက်ထပ်ဖြစ်ခဲ့လည်းဆိုတာ စဉ်းစားမရဘူး။

ဘာကြောင့် မှန်းမသိပေမယ့်
     မှတ်မိနေတဲ့ ရက်စွဲတစ်ခုကတော
  ဒီနေ့
ညီမလေးစီက အဖြေရတာ (၈နှစ်)ပြည့်တဲ့နေ့။

{8 Year Anniversary}
4-11-2016
ကိုကို(MUB)
ခေတ္တ(လူ့ပြည်)


အချစ်ဟုခေါ်သည်

ကျွန်တော့်မိန်းမ
ပညာတက်လားမမေးနဲ့
ကျွန်တော်ယူမှာမိန်းမ
ပညာသင်ဖို့မဟုတ်ဘူး။

ကျွန်တော့မိန်းမ
ဘာလုပ်တက်လဲမမေးနဲ့
ကျွန်တော်ယူမှာ မိန်းမ
ဝန်ထမ်းခန့်ဖို့မဟုတ်ဘူး။

ကျွန်တော့မိန်းမ
ဟင်းချက်တက်လားမမေးနဲ့
ကျွန်တော်ယူမှာ မိန်းမ
စားဖိုမှုးခန့်ဖို့ မဟုတ်ဘူး။

ကျွန်တော့မိန်းမ
လှရဲ့လားလို့မမေးနဲ့
ကျွန်တော်ယူမှာ မိန်းမ
မယ်ရွေးခိုင်းဖို့ မဟုတ်ဘူး။

ကျွန်တော့မိန်းမ
ဝလှချည်လားမပြောနဲ့
ကျွန်တော်ချစ်လို့ယူထားတာ
ကျွန်တော့ကို ချစ်လို့လဲ
သူ့အလှအပတွေဂရုမစိုက်တော့တာ။


ကိုကို(MUB)
ခေတ္တ(လူ့ပြည်)

ရယ်မယ်နော် 😂


အော် "ဘဝ ဘဝ"




အရမ်းချစ်တာလေ 😂


အမြန်ဆုံး သူဌေးဖြစ်နည်း


Tuesday, April 25, 2017

ကျွန်တော်ချစ်သော သူမ

သူမဟာ
ရဲရင့်တဲ့ စိတ်ဓာတ်နဲ့
ရပ်တည်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်

သူမဟာ
ဘယ်ချိန်ပဲ ဖြစ်ဖြစ်
ပြုံးရယ်နိုင်ဖို့ စဉ်းစားနေတဲ့ လူတစ်ယောက်

သူမဟာ
အာဏာစပ်လို ပြင်းပြတ်
အကြောက်ရွံ့ ကင်းတဲ့ လူးသားတစ်ယောက်

သူမဟာ
ကံကြမ္မာနဲ့ လက်သိပ်ပြီး
ဘဝကို အလဲထိုးမယ့် လူသားတစ်ယောက်

သူမဟာ
တံတိုင်းတစ်ခု ရင်ဝယ်ပြု
နာဂစ်လောက်ကို အံတုမယ့်လူတစ်ယောက်

သူမဟာ
သနပ်ခါးလိမ်း ပန်းလေးပန်ပြီး
စိုက်ကြည့်နေတတ်တဲ့ လူသားတစ်ယောက်

ထို့ကြောင့်
ကျွန်တော် ချစ်သော သူမဟာ...

ကိုကို(MUB)
ခေတ္တ(လူ့ပြည်)

Feelချင်ရာFeelသည်

အော် ဒါနဲ့
ကျွန်တော်လား
ကဗျာကျမ်းကြီး ရင်ဝယ်ပိုက်
အိပ်ငိုက်နေတဲ့ လူသားတစ်ယောက်ပေါ့။




Monday, April 24, 2017

ငါလည်း အပျင်းကျနေလိုက်တာ
ဆယ်တန်းစာလေး ကြိုကျက်ထားဦးမှပါ
တော်ကြာ ဆျာမက ကျူရှင်လက်မခံပဲနေဦးမယ်

အင်း ဘယ်က စကိုင်ရင်ကောင်းမလဲ

"မြန်မာ" ကိုင်ရင်ကောင်းမလား အင်းမဆိုးဘူး သူကနည်းနည်းပျော့တော့ ငါနိုင်လောက်တယ်

"အင်္ဂလိပ်" ကျ ငါမနိုင်လောက်သေးဘူး
သူကျ ဆျာမလေးပညာနဲ့ပေါင်းမှ ဖြိုနိုင်မှာ

"သချာင်္" လည်းမဆိုးပါဘူးဟ
ဒေါ် ဂရပ် ကို ဆွဲတဲ့ အခန်းက စကိုင်ရမယ်
X ဝင်ရိုးမှာ မူလီပြုံးရင် Y ဝင်ရိုးမှာ ဂရေဆော်
ပြီးရင် ပစောက်ပုံစံလေး ဆွဲရမယ့် ဂရပ်မှာ
ဆျာမပုံလေးကို ရှေ့ချပြီးသော့ ကောက်ကြောင်းလေးအတိုင်းသေချာလိုက် အိုက်ခ်
သေချာတယ် သချာင်္ ကို ဂရပ်တစ်ခန်းနဲ့ ဂုဏ်ထူးပဲ

"ဖီးစစ်" ကျ သေချာတယ် ငါမကိုင်နိုင်ဘူး
သူ့ကိုင်ရင် သေချာပြီ မဲပေးဖို့(volt) တွက် ကားရပ်(current) ဖို့နေရာတွေလိုမယ်
ပြီးရင် ဟို ရပ်စတေကာနဲ့ (resistor) ဒီရပ်စတေကာကို ပလာရာ(parallel) နဲ့ဆက်ပေးရဦးမယ် သူ့ကိုင်ရင် လမ်းဘေးရောက်မယ့် ကိန်းဟ မဟန်ဘူး

"ကန်မက်စတီ" တော့ မဆိုးဘူး လန်းတယ်
Boy Law ဆိုပြီး အီကွေးရှင်းရေးလိုက်
အက်စစ်ကို အောက်စီဂျင်နဲ့ပေါင်း = အချစ် အလဲ့
ဆေားလစ်နဲ့ လစ်ခွစ်နဲ့ ပေါင်း
အောက်စီဂျင်ထဲက ပြန်နှုတ် = အနှစ် 😂
ဓာတ်ပြုပြီဆိုမှတော မြန်တာ နှေးတာ
လာမရှင်းပြနဲ့ ကိုယ်စိတ်ပါရင်ပါသလိုပဲ
Strong acid ဆိုမြန်မယ် weak ဆိုနှေးမယ် pure ဆိုပုံမှန် ဒါဗျဲ ရှင်းတက်တော့ဘူး

အို "ဘိုင်အို" လားအေးဆေး
အခန်းတစ် သစ်ပင်က မြေကြီးက ပေါက်တယ် ရေစုပ်တယ် သိရင် အောင်မှတ်ကရနေပြီ အခန်းငါးကိုသွား ယုန် တစ်ကောင်ကို အရေခွံဆုပ်ပြီး အရက်နဲ့မြည်းလိုက် အေးနပ်သည် ချေးထွပ်သည် ဗာဂျိုင်းနားသည် သေးထွပ်သည် အာ့လောက်သိအောင်ပြီ

ဟဲဟဲ စိတ်ကူးနဲ့ ရူးနေတာတင် အောင်နေပြီ တော်ကြာဒီလောက်တက်နေ လာမသင်နဲ့လုပ်ဦးမယ်
မြန်မာ လေး စကိုင်လိုက်ဦးမှပါ

"တောင် ပက်လည် ဝန်းရံလျှက် ရှိသော ကျွန်း ကို အင်းးးး ဘာ ကျွန်း ပါလိမ့်"
" အော် သိဖီ သိဖီ မိန်းမလှကျွန်း 😝"

ကိုကို(mUb)
(11:15) တရေးနိုးရေးချင်ရာထရေးသည်
ဒါနဲ့ ဖိုတို က ခရက်တစ်ပေးရမှာလားဟင် 😎



Sunday, April 23, 2017

အတွေးတစ်စ အိပ်မရက
မလှမပ အတိတ်ဆီမှ
ဘဝတစ်ခုရဲ့ နာကျင်မှု့ကို
တိတ်တဆိတ် အရိပ်ထင်
ဒဏ်ရာက သွေးထွက်
အခံခတ်ဖို့ ရည်ရွယ်
မာယာကြိုး ရစ်သိုင်း
သောကကို ဖန်တီးမှတော့
ပိတ်ကားချဖို့ အားသစ်တွေဆင်မယ်
ချိုမြိန်တဲ့ အလင်း။

ကိုကို(MUB)




ဘဝ ခရီးသည်

မင်းက
ငါ့ရဲ့ရှေ့တည်တည့်မှာ
အဆင့်အတန်းရှိရှိဝတ်စားပြီး
အကောင်းစား ကားကြီးကိုစီးလို့
လူကြိုက်များတဲ့ ဟန်းဖုန်းကိုချိတ်
တန်ဖိုးကြီးတဲ့ ဝိုင်တစ်ခွပ် နဲ့
လောကကြီးကို ဇိမ်တွေ့နေမယ်။

မင်းက
ငါ့ရဲ့ ရှေ့တည့်တည့်မှာ
မိုးမျှော် တိုက်ကြီးဟီးနေအောင်ဆောက်
ရံရွှေတော်တွေခြံရံနဲ့ နဂါးတစ်ကောင်လို မာန်ဝင့်
သံမဏိလို ခက်ထန် ငွေကို တံတိုင်းပြု
ဘောင်တစ်ခုထဲကနေ အသံကောင်းဟစ်မယ်။

မင်းက
မင်းဘဝရဲ့ ဖြတ်သန်းခဲ့ပုံကို ဖောင်ဖွဲ့
အောင်မြင်မှု့တွေကို မရိုးနိုင်အောင် ပြော
လည်ပက်ခဲ့ဖူးတဲ့ နေရာတွေ နဲ့
စားခဲ့ဖူးတဲ့ ဟော်တယ်စာတွေ
သောက်ခဲ့ဖူးတာ ဂျော်နီလမ်းလျှောက်
တည်းခဲ့ဖူးတဲ့ five star hotel
ကူညီခဲ့တဲ့ သူတစ်စိမ်းတွေ
ကောင်းခဲ့ဖူးတာ မင်းလူတွေပေါ့
မင်္ဂလာပါ လေမင်းသားကြီး
ဖြစ်တည်မှု့ရှိရင် ပျက်သုံးမှု့ရှိတယ်
တောင်စွယ်ဆိုတာ နေကွယ်ရင်
အလင်းဆိုတာ မီးဖိုမှရလိမ့်မယ်
မင်းဖိုမယ့်မီးက မင်းလူတွေဖြစ်နိုင်ပါ့မလား?
မင်းတိုက်ထားတဲ့လေတွေကရော
အေးချမ်းမှု့ကို ပေးစွမ်းနိုင်မယ်တဲ့လား?
မင်းက ရှေ့တည့်တည့်ကနေ
လေမုန်တိုင်းနဲ့ တန်ဆာဆင်ထားမယ်
ငါက နောက်တည့်တည့်ကနေ
မိုးစက်ပေါက်တွေကို ခယနေရတယ်။

တကယ်တော့ ငါဟာ
လေကွယ်ရာမှာမုန်တိုင်းမိနေတဲ့လူတစ်ယောက်
ဟိုမရောက်ဒီမရောက်နဲ့အတောင်စိုနေတဲ့ငှက်တစ်ကောင်
ကျေးဇူးပြု၍ လေကွယ်ရာက ထွပ်ခွင့်ပေးပါ

(ချိုခါး)အတိတ် တစ်ချို့အား
ဒဏ်ရာတွေနဲ့ ဖြည့်တင်းရင်း
မျှော်လင့်ချက်တွေ ကောက်ထည့်
ဒီနေ့တစ်ရက်တော့ ထရပ်မိပြန်ပြီ။

ကိုကို(MUB)



Saturday, April 22, 2017

ဘယ်လောက်ပဲ
ခါးသီးခဲ့တဲ့ အတိတ်တွေ ရှိရှိ
ငာ့ ဝဋ်ကြွေး ပဲလေ ဆိုပြီး
သင်ပုန်းချေ ခဲ့တယ်။

ကိုကို(MUB)




အို.....
ကမ္ဘာကြီးရယ်
ပွင့်သောပန်းတိုင်း
လန်းဆန်းပါစေတော့လား။

ကိုကို(MUB)

Wednesday, April 19, 2017

ဒါဟာ
အတိတ်ကအထီးကျန် ကျွန်းစွယ်လေး
ပစ္စုပ္ပန်မှာ ကျန်ခဲ့မယ့် သင်ခန်းစာတစ်ခု နဲ့ 😢
နောက် အနာဂတ်ကိုသွားမယ့် လူသားတစ်ဦးပေါ့ 🏃

ကိုကို(MUB)


တစ်နှစ်ပြီးတစ်နှစ်နဲ့
သက္ကရာဇ် တွေပြောင်းနေလိုက်တာ
သံမဏိ အိပ်မက်ကြီးတောင်
ဖာထေးနေရတယ်။

ကိုကို(MUB)

Tuesday, April 18, 2017

Just for funny

နှစ်သစ်ကိုကြိုဆိုသောအားဖြင့် 👉
နှစ်ဟောင်းက အရက်တွေ 👇
သင်္ကြန်ရေနဲ့ ရောပေါက်လိုက်လို့ပါသွားပြီ 😀

Wednesday, April 12, 2017

ကျွန်တော်လား

မျက်စိကောင်းတယ်

ခင်ဗျားတို့ရဲ့ စောက်ခွပ်လေး တစ်ချက်ရှိုးလိုက်ရုံနဲ့ 
ဘာလိုအပ်နေတယ်ထိ ခန့်မှန်းလို့ရတယ်

နားကောင်းတယ်

ခင်ဗျားတို့ ကြိုက်တဲ့နေရာမှာကြိုက်သလောက် 
ကျွန်တော့် စောက်ပြစ်ဖြစ်အောင်ပြော 
အချိန်တန် ကျွန်တော်ပြန်ကြားနိုင်တယ်

ဆိုးတာက ဦးနှောက်လည်းကောင်းနေတယ်

ဘယ်သူဘယ်ချိန်တုန်းက ငါ့ကိုဘာပြောခဲ့တာ
ဘယ်နေရာမှာ ဘယ်အကိစ္စနဲ့ 
ငါ့စောက်ပြစ်ဖြစ်အောင်ပြောခဲ့တာ
မှတ်မိတယ်သိလား မမေ့ဘူး 
လူသာ အရူးသိုင်းကနေမယ် 
ဦးနှောက်ထဲမှာတော့ အငြှိုးအတေးတွေအပြည့်ပဲ။

သစ္စာမရှိတဲ့ အရာတွေကို စွန့်လွှတ်ပြီးတဲ့နောက်
ဆေးလိပ်တောင် အကြမ်းပဲသောက်ဖြစ်တော့တာပဲကြည့်😂😂

ကိုကို(MUB)




မှတ်တမ်း

ကုန်လွန်သွားတဲ့ အချိန်တွေနဲ့
ပြန်မရနိုင်တော့တဲ့ ငယ်ရွယ်မူ့တွေကို
ပါးသွားတဲ့ ဆံပင်တွေက အဖော်ပြုတော့
ဘဝရဲ့နေဝင်ချိန်ကို အကြောင်းပြု
အိုမင်းမှု့ကို မေ့နေခဲ့တယ်။

မှတ်တမ်းတစ်ချို့ကိုပြန်လှန်မိတော့
ကျရှုံးမှု့တွေကြားက ဂုဏ်သိက္ခာတွေနဲ့
ပြဇာတ်ဆန်ဆန်  ထိုးနှက်ချက်တွေအား
လူသားတစ်ယောက် ဒူးထောက်လို့
တိမ်တွေနဲ့ စကားများနေတယ်။

လူတစ်ယောက်ကို ထိခိုက်စေပြီးမှ
လောကဓံအကြောင်း သင်ပေးရအောင်
နာကျင်မှု့ရဲ့ နောက်က လဲပြိုမှု့တွေနဲ့
လမ်းမှားသွားတဲ့ နေ့ရက်တွေက
ရှုံးနိမ့်မှု့ရဲ့ တစ်ဖက်သက်စစ်လား။

တစ်ခါတစ်လေ
အားလုံးပြီးဆုံးသွားပြီလို့ အော်ဖူးမယ်
တစ်ခါတစ်လေ
နောက်ပြန်လှည့်ပြီး အစက ပြန်စချင်မယ်
တစ်ခါတစ်လေ😞

ကံကြမ္မာရဲ့
ကျားကွက်အရွေ့မှာ
အစားခံလိုက်ရပေမယ့်
ဒဏ်ရာတွေက
ပြန်ကောင်းသွားမှာပါ
ဒါပေမယ့်လည်း
အမာရွတ်တွေက ထင်ကျန်ခဲ့ပြီ
ပန်းတိုင်ရောက်ဖို့ အရေး
ခရီးဝေးကို နှင်ရဦးမှာပေါ့။

ကိုကို(MUB)
ခေတ္တ(လူ့ပြည်)



လူတစ်ချို့

လူသာကြီးလာတယ်

ဦးနှောက် တွေကျ

ကြီးမလာကြဘူးနော် 

Tuesday, April 11, 2017

ရူပါကမလန်းတဲ့ထဲ ရုပ်ခံကမရှိ

အိမ်ကစုပ်ကတဲ့ထဲ ပိုက်ဆံကမရှိ

ပံုတင္ခ်င္တယ္ဆိုမွ အက်ႌအသစ္မရွိ

ဓာတ်ပုံရိုက်တော့မှ Camera ကဝါးနဲ့

မထူးပါဘူးဆိုပြီး Prisma သုံးမှဘေကမရှိ

စိတ်ညစ်လို့ အရက်ဆိုင်သွားကာမှ ဇေကမရှိ

မိန်းမက မရှိကတဲ့ကြားထဲ ရည်းစားကမရှိ

အပျင်းပြေ Post တင်တော့လဲ Fri ကမရှိ

Like နည်းရတဲ့ကြားထဲ comment ကမရှိ

မရှိတဲ့စာတင်တော့လဲ ဖတ်တဲ့သူကမရှိ

ဆိုးပါ့ဗျာ မရှိပါဘူးဆိုမှ ပိုက်ဆံလာချေးနေကြသေးတယ်။

ကိုကို(MUB)

ဘာမှမဟုတ်ဘူးသက်လား သူငယ်ချင်းတစ်ယောက်
ပိုက်ဆံလာချေးနေတုန်း ဆရ်ဖီဆွဲပြီးပုံလာတင်တာ



တစ်ခါတစ်လေ

တစ်ခါတစ်လေ
ကိုယ့်အကြောင်း ကိုယ်ကြည့်ပြီးတော့
ကိုယ်ဖြစ်ချင်တာပဲ ကိုယ်သိကြတဲ့
လူတွေနဲ့လည်း ကြုံးဖူးတယ်

တစ်ခါတစ်လေ
ရိုးသားစွာ ကြိုးစားနေသူတစ်ယောက်ကို
စနစ်တကျ ထိုးစစ်ဆင်နေကြတဲ့
လူတွေနဲ့လည်း ဆုံဖူးတယ်

တစ်ခါတစ်လေ
အလကားရနေတဲ့ အချိန်ကိုတောင်
ကိုယ်ကျိုးမရှိရင် မပေးချင်ကြတဲ့
လူတွေလည်း တွေ့ဖူးတယ်

တစ်ခါတစ်လေ
စိတ်ပျက်လိုက်တာလို့ ပြောချင်ပေမယ့်
ရင်နာစွာနဲ့ မျိုသိပ်လိုက်ရတာတွေ
တစ်ခါတစ်လေ
ဒေါသထွပ်နေရင်တောင်
အပြုံး မပျက်နေခဲ့ရတာတွေ
တစ်ခါတစ်လေ
အော်ဟစ်ဆဲဆို ချင်စိတ်တွေ
တစ်ခါတစ်လေ
ကိုယ်ဘက်က မှန်နေပါရဲ့နဲ့
ခေါင်းငုံ့ပြီး တောင်းပန်ရတာတွေ
နောက်ဆုံးကျ စိတ်လျော့လိုက်ရင်
ကိုယ့်ဘဝ ကိုယ်ဖန်တီးနေတာပဲလေ
ငါ့ထက်အဖြစ်ဆိုးတဲ့လူတွေ ရှိသေးတာပဲလို့
ကိုယ့်စိတ်ကိုယ်ထိန်း ဖြေသိမ့်လိုက်ရတယ်
ဒါပေမယ့် ဦးနှောက်တော့ မှတ်သွားပြီလေ။

ကိုကို(MUB)


တကယ်လို့များ

တကယ်လို့များ
ဒီအခြေနေတစ်ခုကို
မျက်ကွယ်ပြုလို့သါရခဲ့ရင်
ပြီးဆုံးခဲ့တဲ့ ဇါတ်လမ်းတစ်ခုကို
ကျွန်တော် ဆက်ကမိတော့မှာ မဟုတ်ဘူး။

တကယ်လို့များ
အဖြစ်ပျက်တိုင်းက
အိပ်မက် တစ်ခုသါဆိုရင်
ယခုဘဝထဲက နိုးထနိုင်ဖို့ကို
ကျွန်တော် မကြိုးစားပဲနေမှာ မဟုတ်ဘူး။

တကယ်လို့များ
နာကြည်းချက်တိုင်းက
ခင်ဗျားတို့ကြောင့် သါဆိုရင်
သေချာတယ်
အတိတ်အကြောင်းတွေးမိတိုင်း
အနာမကျပ် သေးတာတော့ အမှန်ပဲ 😢

ကိုကို(MUB)


မှတ်တမ်း

အရာအားလုံးကို

နောက်ကျပြီးမှ သိခွင့်ရတဲ့ အတွက်

လှည့်မကြည့်ချင်လောက်အောင် နာကျဉ်ရပေမယ့်

ညံ့ဖျင်းခဲ့တဲ့ ဦးနှောက်ကိုပဲ အပြစ်ပုံလိုက်မယ်

တနေ့နေ့တော့ ပြတ်သားသွားမှာပါ။

ကိုကို(MUB)



ညီမလေး ကိုယ့်ကိုသတိရတဲ့အခါ မြေကြီးကိုကြည့်ပြီmessageပို့လိုက်ပါ ကိုယ်လွမ်းတဲ့အခါ ကောင်းကင်ကိုကြည့်ပြီး ဖုန်းခေါ်လိုက်မယ်။